March 26, 2026

AA က တရားမဝင် ငါးဖမ်းသည်ဟု စွပ်စွဲဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၃ ဦးကို ပြန်လွှတ်

0

ADN ၁၇၊၀၂၊၂၀၂၆

633679925 1397262442413178 2475211482159646215 N 1 1024x768

AA က တရားမဝင် ငါးဖမ်းသည်ဟု စွပ်စွဲဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၃ ဦးကို ပြန်လွှတ်

633897702 1397262435746512 1030582648602624590 N 1024x768

အာရကန်ပြည် မောင်တောမြို့နယ် နတ်မြစ်နှင့် အလယ်သံကျော်ကမ်းခြေအနီးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ငါးဖမ်းနေသည် စွပ်စွဲဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၃ ဦးကို အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဘင်္ဂလာ‌ဒေရှ့်နယ်ခြားစောင့်တပ် BGB ထံ လွှဲပြောင်းပေးခဲ့ကြောင့်သိရပါသည်။

ပြီးခဲ့သည့် လများအတွင်း AA ကမ်းခြေစောင့်တပ်များက တရားမဝင် ငါးခိုးဖမ်းသူများဟု စွပ်စွဲကာ အကြိမ်ကြိမ် ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခဲ့ကြကြောင့်သိရပါသည်။ ယခင်က ပြစ်ဒဏ်ချမှတ်ခံထားရသူများထဲမှ ၇၃ ဦးကို ယခု တွင် BGB ထံ ဆက်သွယ်၍ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

လွှတ်ပေးမည့်အခါ AA က တရားမဝင် ငါးဖမ်းမှုကို နောက်ထပ် ပြုလုပ်မည်မဟုတ်ဟု ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းပြီး ကုရ်အာန်ကျမ်းကို ကျိန်ဆိုခိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုယ်ရေးအချက်အလက်များကိုလည်း စုဆောင်းထားပြီး နောက်တစ်ကြိမ် ထပ်မံဖမ်းဆီးပါက ပိုမိုကြီးမားသည့် ပြစ်ဒဏ် ချမှတ်မည်ဟု သတိပေးထားသည်။

ဘင်္ဂလာ‌ဒေရှ့်ဒေသခံများအဆိုအရ ဘင်္ဂလီများကနတ်မြစ်ရဲ့  ဘင်္ဂလာဒေရှ့်ရေပိုင်နက် ငါးဖမ်းစဥ်ဖမ်းဆီးခံရတာပြစ်ပြီး မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းတာမျိုး လုံးဝနရှိကြောင့်သိရပါသည်။ နတ်မြစ်၏ မြန်မာ့ရေပိုင်နက် အလယ်သံကျော်ကမ်းခြေအနီးတွင် ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများက နေ့စဉ် တရားမဝင် ငါးဖမ်းမှုများ ပြုလုပ်နေကြသည်ဟုသော AA ရဲ့ စွပ်စွဲချက်သည် မျန်ကန်မှုနရှိကြောင့်လည်းသိရသည်။

AA က နယ်စပ်ဒေသ လုံခြုံရေးနှင့် အာရကန်ရေပိုင်နက်အတွင်းငါးခိုးဖမ်းခြင်းကို အကြောင်းပြကာ အပြစ်မဲ့ မရှိဆင်းရဲသားဘင်္ဂလာ‌ဒေရှ့် နိုင်ငံသားများကို မကြာခဏ မတရားဖမ်းဆီးခေါ်ဆောင်ပြီး AA ရဲ့ ငရဲစခန်း မှာချုပ်နှောင်နေကြတာပြစ်ကြောင့်သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *