April 1, 2026

ဘင်္ဂလာဒေရှ့်ရေပိုင်နက် နှာခေါင်းတိုအနီး ဘင်္ဂလီငါးဖမ်းသမား ၅ ဦးအား AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်၊ ယခုလ ၁၆ ရက်ကလည်း ၇၃ ဦး ပြန်လွတ်လာ – အချို့ ရိုက်နှက်ခံရပြီး မသန်စွမ်းဖြစ်

0
“AA Releases 73 Bangladeshi Nationals Accused of Illegal Fishing”

“AA Releases 73 Bangladeshi Nationals Accused of Illegal Fishing”

638283828 1426068602863983 2975889402175456356 n

Photo –Arakan Bay News-ABN

AND ဿတင်း၊ ဖေဖော်ဝါရီ ၁၉

(Taknaf)တတ်ခ်နဖ့်မြစ်အဝ၊ Nakondia နခေါင်းဒီးယားအနီးတွင် ယမန်နေ့ညနေပိုင်းက ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ငါးဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ယခုလ ၁၆ ရက်ကလည်း ဖမ်းဆီးခံထားရသည့် ငါးဖမ်းသမား ၇၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အဆိုပါအဖွဲ့တွင် ဖမ်းဆီးထိန်းသိမ်းစဉ် ရိုက်နှက်ညှဉ်းပန်းခံရပြီး လမ်းလျှောက်မရအောင် မသန်စွမ်းဖြစ်သွားရသူများ ပါဝင်နေကြောင်း သိရသည်။

ယခုဖမ်းဆီးခံရသူများမှာ Shah Porir Deep ရှာပေါရီဒွိပ်၊ Jaliapara ဂျာလိယာပါရဒေသခံ Shahed ရှာဟက်၊ Shah Alam ရှားအာလမ်၊ Amir Abbas အမိရ်အဗ္ဗာစ်၊ Abul Hussein အဘူလ်ဟိုဆိန်နှင့် အမည်မသိ နောက်ထပ်တစ်ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့လိုက်ပါလာသည့် Mohamodullah မာမတ်ဒုလ္လာပိုင် လှေကိုလည်း အဆိုပါတပ်ဖွဲ့က သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်သက်သေ Ataur Rahman အတာအူရ်ရဟမန်က “ငါးဖမ်းပြီး အပြန်လမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါတဲ့ အမြန်လှေတစ်စင်းက ကျွန်တော်တို့ကို ကြားဖြတ်တားဆီးပြီး ငါးဖမ်းသမား ငါးဦးပါတဲ့လှေကို ခေါ်ဆောင်သွားခဲ့တယ်။ ကျန်တဲ့လှေတွေကတော့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်” ဟု ပြောကြားသည်။

Shah Porir Deep ရှာပေါရီဒွိပ် အုပ်ချုပ်ရေးမှူး Abdul Salam အာဗ်ဒူဆလမ်က အဆိုပါဖြစ်စဉ်အား အတည်ပြုပြောကြားပြီး “ဒီဖြစ်ရပ်ကြောင့် ဒေသခံငါးဖမ်းသမားတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က ပြန်လွတ်လာသူတွေထဲမှာ ရိုက်နှက်ခံရပြီး မသန်စွမ်းဖြစ်သွားရသူတွေ ရှိနေတာက ဒေသခံတွေကြား စိုးရိမ်မှုပိုများစေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအနေနဲ့ ချက်ချင်းဝင်ရောက်ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ ရက်က ပြန်လည်လွတ်မြောက်လာသူ ၇၃ ဦးအနက် အချို့မှာ ဖမ်းဆီးခံထားရစဉ်အတွင်း ရက်စက်စွာ ရိုက်နှက်ညှဉ်းပန်းခြင်းခံခဲ့ရပြီး လက်ရှိတွင် လမ်းလျှောက်နိုင်စွမ်း ဆုံးရှုံးကာ မသန်စွမ်းသူများအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

မိသားစုများ၏ စိုးရိမ်ပူပန်မှု

ယခုဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက အဆိုပါဖြစ်စဉ်ကြောင့် ၎င်းတို့၏ အိမ်ထောင်စုများ စီးပွားရေးအရ ထိခိုက်မှုများရှိလာနိုင်ကြောင်း ပြောကြားသည်။

ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုက “ကျွန်တော်တို့အိမ်ထောင်စုရဲ့ တစ်ခုတည်းသော ဝင်ငွေရှာဖွေသူဖြစ်တဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးခံလိုက်ရတဲ့အတွက် မိသားစုတစ်ခုလုံး အကြီးအကျယ် စိတ်သောကရောက်နေရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်က ပြန်လွတ်လာသူတွေ ရိုက်နှက်ခံခဲ့ရတဲ့သတင်းကြားတော့ ပိုပြီးစိုးရိမ်ရပါတယ်” ဟု နာကျင်စွာ ပြောကြားသည်။

ထို့ပြင် မိသားစုများက “ကျွန်တော်တို့ ငါးဖမ်းသမားတွေဟာ မြန်မာ့ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်းကို ဝင်ရောက်လာပြီး ကျွန်တော်တို့လူမျိုးတွေကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ချက်ချင်းဝင်ရောက်စွက်ဖက်ပြီး ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေသတွင်း စီးပွားရေးအပေါ် သက်ရောက်မှု

ဒေသခံများ၏ ပြောကြားချက်အရ ငါးဖမ်းသမားများ ဖမ်းဆီးခံရမှု မကြာခဏ ဖြစ်ပွားခြင်းကြောင့် နယ်စပ်ဒေသ၏ စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာကြောင်း သိရသည်။

တန့်နဖ့်ဈေးမှ ငါးရောင်းချသူတစ်ဦးက “ငါးဖမ်းသမားတွေ ပင်လယ်ထွက်လို့ မရတဲ့အခါ ဈေးကွက်ထဲကို ငါးဝင်ရောက်မှု နည်းပါးသွားပြီး ဒေသခံတွေရဲ့ စီးပွားရေးကိုပါ ထိခိုက်စေပါတယ်” ဟု သုံးသပ်ပြောကြားသည်။

သတင်းရင်းမြစ်များအရ လက်ရှိတွင် ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်၏ ဖမ်းဆီးခြင်းခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား စုစုပေါင်း ၂၀၀ ခန့်ရှိပြီး ယခုလ ၁၆ ရက်က လွှတ်ပေးမှုသည် ပထမအဆင့်သာဖြစ်ကာ ကျန်ရှိသူများ ပြန်လည်လွတ်မြောက်ရေးအတွက် သံတမန်ရေးနှင့် နယ်စပ်အဆင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက ဥပဒေအရ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ရှင်းလင်းပြောကြားခဲ့ကြောင့်သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *