April 1, 2026

အကြမ်းဖက် စစ်ကောင်စီ က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၈ ဦး ထက် မနဲသေဆုံး

0
ျျျျ

ADN News – ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိ တိုးလာကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်ဘေးရှောင်များ ခိုလုံနေသည့် ယိုးငူကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ဤတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် စစ်ဘေးရှောင် ၁၇ ဦး သေဆုံးခဲ့ပြီး ယနေ့တွင် ထပ်တိုး ၁ ဦး သေဆုံးကာ စုစုပေါင်း ၁၈ ဦးအထိ ရှိလာသည်။ ထို့ပြင် ကလေးငယ် ၃ ဦးအပါအဝင် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပေါင် ၃၀၀ ဗုံးနှင့် မီးလောင်ဗုံးများ အသုံးပြုခဲ့သဖြင့် နေအိမ်များနှင့် စျေးဆိုင်တန်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *