April 1, 2026

ဘင်္ဂလာဒေရှ့်နယ်ခြားစောင့်တပ် (BGB) ၏ သီးခြားစစ်ဆင်ရေးနှစ်ခုအတွင်း AA ၏ YABA ယာဘားဆေးပြား ၉.၈ သိန်း သိမ်းဆည်းရမိ

0
adn 20.02.2026

ဘင်္ဂလာဒေရှ့်နယ်ခြားစောင့်တပ် (BGB) ၏ သီးခြားစစ်ဆင်ရေးနှစ်ခုအတွင်း AA ၏ YABA ယာဘားဆေးပြား ၉.၈ သိန်း သိမ်းဆည်းရမိ

adn 20.02.2026

AND သတင်း ၂၀၊၀၂၊၂၀၂၆

ကော့စ်ဘဇာခရိုင်၊ နီးလား-ဝိုက်ကောင်းနယ်စပ်တစ်လျှောက် ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁ နာရီခန့်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးနှစ်ခုအတွင်း နယ်ခြားစောင့်တပ် (BGB) မှ တပ်ဖွဲ့ဝင်များသည် AA လက်နက်ကိုင် မူးယစ်ဆေးဝါး သယ်ဆောင်သူများနှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယာဘားဆေးပြား ၉.၈ သိန်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

BGB မှ ထုတ်ပြန်သည့် သတင်းစာရှင်းလင်းချက်အရ ပထမဆုံးစစ်ဆင်ရေးကို ည ၁၂း၃၀ နာရီခန့်က ကြိုတင်ရရှိထားသော သတင်းအချက်အလက်များအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရာမူဒေသကို အုပ်ချုပ်တဲ့ တပ်မှူး၏ ကြီးကြပ်မှုအောက်တွင် ရာမူဒေသမှ တပ်ဖွဲ့များ၊အိုကီယာနှင့် တက်နာပ်တပ်ရင်းများမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းကင်းလှည့်အဖွဲ့သည် နီးလားနယ်ခြားစောင့်တပ်စခန်း၏ အရှေ့တောင်ဘက် ၁.၅ ကီလိုမီတာအကွာ ချောဒူရီပါရာရေလွှဲဧရိယာအနီးတွင် ကင်းချထားခဲ့သည်။

ည ၁း၀၀ နာရီခန့်တွင် ကင်းလှည့်အဖွဲ့သည် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် AA အဖွဲ့ဝင် ၈ ဦးမှ ၁၀ ဦးခန့်ရှိသော အုပ်စုတစ်စုကို တွေ့ရှိခဲ့သည်။

၎င်းတို့အား ရပ်တန့်ခိုင်းသော်လည်း AA အဖွဲ့ဝင်ဟုရသူများက လက်နက်များဖြင့် BGB အဖွဲ့အား ကန့်လန့်ဖြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မိမိကိုယ်ကာကွယ်ရေးအတွက် ခဲယမ်းမီးကျောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

အခြေအနေပိုမိုဆိုးရွားလာသည်နှင့်အမျှ AA မူးယစ်ဆေးဝါးသယ်ဆောင်သူများသည် ယာဘားဆေးပြားများကို စွန့်ပစ်ကာ အနီးရှိ ဒီရေတောအတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြပြီး ဆက်လက်၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ နပ်ဖ်မြစ်တစ်လျှောက်နှင့် ကပ်လျက်သစ်တောဧရိယာများတွင် နှစ်ဖက်ပစ်ခတ်မှုမှာ တစ်နာရီခန့်ကြာမြင့်ခဲ့သည်။

AA အဖွဲ့ဝင်ဟုရသူအချို့သည် နပ်ဖ်မြစ်ကြောင်းမှတစ်ဆင့် ဆုတ်ခွာသွားခဲ့ကြပြီး လေးငါးဦးခန့်မှာ အနီးရှိကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း BGB ကဆိုသည်။ ဒေသခံပြည်သူများ၏ ဘေးကင်းရေးကို ထည့်သွင်းစဉ်းစားကာ ကျေးရွာအုပ်စုဘက်သို့ ပစ်ခတ်မှုများ ရှောင်ရှားခဲ့သည်ဟု ဆိုသည်။

ထို့နောက် ထွက်ပြေးလွတ်မြောက်သွားသော AA အဖွဲ့ဝင်ဟုရသူများသည် ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် သီးခြားပစ်ခတ်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။ အခြေအနေပိုမိုဆိုးရွားလာမှုကို တားဆီးရန်နှင့် ပြည်သူ့လုံခြုံမှုအတွက် BGB သည် ဘင်္ဂလားဒေ့ရှ် ရေတပ်၊ အမြန်လှုပ်ရှားရေးတပ်ရင်း (RAB) နှင့် ရဲတပ်ဖွဲ့တို့၏ အကူအညီကို တောင်းခံခဲ့သည်။ နောက်ထပ် ကင်းလှည့်အဖွဲ့များက ချောဒူရီပါရာကျေးရွာအုပ်စုအတွင်း အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။

နပ်ဖ်မြစ်တစ်လျှောက်နှင့် ကပ်လျက်တာရိုးတန်းတွင် ဆက်လက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ယာဘားဆေးပြား ၇.၁ သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဤအမှုသည် မကြာသေးမီနှစ်များအတွင်း ဥပဒေစိုးမိုးရေးအဖွဲ့များ၏ အကြီးမားဆုံး ယာဘားဆေးပြားသိမ်းဆည်းရမိမှုတစ်ခုဖြစ်ကြောင်း BGB ကပြောသည်။

ဤစစ်ဆင်ရေးမတိုင်မီ ည ၁၁း၀၀ နာရီခန့်က အခြားသီးခြားစစ်ဆင်ရေးတစ်ခုတွင် အိုကီယာတပ်ရင်းမှ ကင်းလှည့်အဖွဲ့သည် ဝိုင်ကောင်းနယ်ခြားစောင့်တပ်စခန်း၏ မြောက်ဘက် ၁.၅ ကီလိုမီတာအကွာ မိုနီရ်ဂုံဟာနာဧရိယာတွင် ယာဘားဆေးပြား ၂.၇ သိန်းကို သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်သည့် AA သူပုန်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ထောက်လှမ်းရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း BGB ကဆိုသည်။ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများကို တက်နပ်မော်ဒယ်လ် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရ အရေးယူမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Ref:Theterritorialnews.com-TTN

Leave a Reply

Your email address will not be published. Required fields are marked *