March 27, 2026

ရခိုင် ၃ ဦးအပါဝင်မြန်မာနိုင်ငံသား ငါးဦး မူးယစ်ဆေးဝါးနဲ့မီဇိုရမ်တွင် ဖမ်းဆီးခံရ

0
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးများအတွင်း မြန်မာနိုင်ငံသား ငါးဦးထံမှ ကုဋေချီတန်ဖိုးရှိ မူးယစ်ဆေးများကို နှစ်ရက်အတွင်း အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများထဲတွင် ရခိုင်လူငယ် သုံးဦးပါဝင်သည်။

ADN : ၂၄၊၀၂၊၂၀၂၆

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးများအတွင်း မြန်မာနိုင်ငံသား ငါးဦးထံမှ ကုဋေချီတန်ဖိုးရှိ မူးယစ်ဆေးများကို နှစ်ရက်အတွင်း အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများထဲတွင် ရခိုင်လူငယ် သုံးဦးပါဝင်သည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဇိုခေါ်ထာရ်ဒေသ၌ မြန်မာဘက်မှ ဝင်လာသည့် ကားတစ်စီးကို စစ်ဆေးရာ ၁၄၅ ဂရမ်အလေးချိန်ရှိ ဘိန်းဖြူ ၁၂ ထုပ်နှင့် ၁၀.၂၅၉ ကီလိုဂရမ်အလေးချိန်ရှိ စိတ်ကြွဆေး ၁၀ ထုပ်ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးများ၏ တန်ဖိုးမှာ ရူပီး ၃၁၀ ကုဋေကျော်ရှိကြောင်း အာဏာပိုင်များက ဖော်ပြခဲ့သည်။ ထိုအမှုတွင် ဖမ်းဆီးခံရသူမှာ ချင်းပြည်နယ် တီးတိန်မြို့နယ် Lamzang ကျေးရွာသား ဦးဇအဲန်းနာ (အသက် ၅၂) ဖြစ်သည်။

ထိုနေ့တွင်ပင် လောင်တလိုင်မြို့နယ် ကာကီကျေးရွာအနီးတွင် စက်လှေဖြင့် နယ်စပ်ဖြတ်သွားသည့် မြန်မာနိုင်ငံသား လေးဦးထံမှ မက်သမ်ဖက်တမင်းဆေးပြား ၈၀,၀၀၀ ခန့်ကို အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြသည်။ တန်ဖိုးမှာ ရူပီး ၁၁ ကုဋေကျော်ရှိကြောင်း သိရပြီး ဖမ်းဆီးခံရသူများထဲတွင် မောင်တောဒေသခံ လူငယ် သုံးဦး (အသက် ၁၅ နှစ်တစ်ဦး၊ ၁၇ နှစ်နှစ်ဦး) နှင့် လောင်တလိုင်ဒေသခံ လိုင်ရမ်လျန်နာ (အသက် ၄၀) တစ်ဦး ပါဝင်သည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင်လည်း ဇိုခေါ်ထာရ်ဒေသ၌ ဆိုင်ကယ်စီးလာသူ ချင်းအမျိုးသား တစ်ဦးထံမှ မက်သမ်ဖက်တမင်းဆေးပြား ၁၅.၉၁၆ ကီလိုဂရမ် (တန်ဖိုး ရူပီး ၁၂ သန်းကျော်) ကို ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်များ ပူးပေါင်းဖမ်းဆီးခဲ့ကြသည်။ ထိုအမှုတွင် ဖမ်းဆီးခံရသူမှာ ချင်းပြည်နယ် ဖလမ်းမြို့နယ် Satawm ကျေးရွာသား လာလ်ရမ်းလျန်နာ (အသက် ၂၉) ဖြစ်သည်။

ဒေသခံများအဆိုအရ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးသယ်ယူမှုများသည် တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်စပ်နိုင်ကြောင်း သံသယရှိနေပြီး၊ အချို့က AA (Arakan Army) တို့နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း သတင်းအရင်းအမြစ်များက ထောက်ပြနေသည်။

မီဇိုရမ် ဝန်ကြီးချုပ် လာလ်ဒူဟိုးမားကလည်း နယ်စပ်တစ်လျှောက် မူးယစ်ဆေးနှိမ်နှင်းရေးကို တင်းကျပ်စွာ ဆောင်ရွက်မည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *