March 26, 2026

မောင်တောတွင် အကြမ်းဖက် AA တပ်ဖွဲဝင်တွေ မောင်းနင်းလာသည့် ထော်လာဂျီကို ARSA မှတိုက်ခိုက်ချေမုန်း၊ ၅ ဦးထက် မနဲသေဆုံး

0
asdfg

ပုံ- ARSA SPOKEPERSON (Telegram)

AND ၁၅၊ ၂၀၂၆

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ရခိုင်အကြမ်းဖက် လက်နက်ကိုင် AA အဖွဲ့ဝင် ၈ ဦးပါ ထော်လာဂျီတစ်စီး လက်နက်ခဲယမ်း အပြည့်ဖြင့် သွားလာနေစဥ် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် ARSA အဖွဲ့မှ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ARSA ထုတ်ပြန်သည့် ဗီဒီယိုဖိုင်အရ သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့ နံနက် ၁၂ နာရီအချိန်ခန့်တွင် အကြမ်းဖက် AA တပ်ဖွဲဝင်တွေ စီးနင်းလာသော လက်နက်သည်-ထော်လာဂျီတစ်စီး ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် ARSA မှ တိုက်ခိုက်ရှင်းလင်း ခဲ့ကြောင်း သိရှိရပါသည်။

ထိုတိုက်ခိုက်မှု ရုပ်သံဖိုင်ကို မတ် ၁၀ ရက်နေ့တွင် ARSA ၏ Telegram Channel လူမှုကွန်ရက် စာမျက်နှာများမှ ထုတ်လွှင့်လာသည်ကို တွေ့ရသည်။

ထိုရုပ်သံဖိုင်အရ ARSA အဖွဲ့ဝင် ၂၀ ဦးခန့်မှာ အကြမ်းဖက် AA တပ်ဖွဲဝင် ၈ ဦးပါ စီးနင်းလာသော ထော်လာဂျီတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သလို လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ARSA အဖွဲ့မှ ထော်လာဂျီ ထဲကလက်နက်ခဲယမ်းများကို ကောက်ယူစုဆောင်းပြီး ရှိထားသော လက်နက်များကို ပြသကာ ထိုလက်နက်များအားလုံး ပြည်သူတွေကပဲ ပိုင်ဆိုင်ကြောင်း ARSA ၏ တပ်မှုး Ustard Khalek က သူ့ရဲ့ မိန်းခွန်းထဲမှာ အကိုင်အမာပြောသွားခဲ့ပါသည်။

ARSA ရဲ့ တိုက်မှုကြောင့် ကျဆုံးခဲ့သော ရခိုင်အကြမ်းဖက်လက်ကိုင်အဖွဲ့ဝင်ရုပ်အလောင်းများတွင် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များကို တွေ့မြင်ရသော်လည်း ULA/AA သူတို့တပ်ဖွဲ့ဝင်များဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် (ARSA) သည် အာရကန် (ရခိုင်) ဒေသရှိ လူမျိုး၊ ဘာသာမရွေး ပြည်သူအားလုံး၏ လုံခြုံရေး၊ ညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကို အခြေခံရည်ရွယ်ချက်ထား၍ တည်ထောင်ထားသော လွတ်မြောက်ရေး တိုက်ပွဲဝင်အဖွဲ့အစည်း ဖြစ်ပါသည်။

အဆိုပါအဖွဲ့သည် အရပ်သားပြည်သူများအား မည်သည့်အခါမျှ ရန်သူအဖြစ် မသတ်မှတ်ဘဲ၊ လူထုအားလုံး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ရေးကို ရှေ့ရှုလုပ်ဆောင်လျက်ရှိသည်။

ARSA ၏ လှုပ်ရှားဆောင်ရွက်မှုများသည် အပြန်အလှန်ယုံကြည်မှု၊ ညီညွတ်မှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး၊ ၎င်း၏ စစ်ရေးအရ ရန်သူအဖြစ် သတ်မှတ်ထားသည့် အဖွဲ့များမှာ ရခိုင်အကြမ်းဖက် လက်နက်ကိုင် AA အဖွဲ့ နှင့် အကြမ်းဖက်မြန်မာ့တပ်မတော်တို့သာ ဖြစ်ပါသည်။

ARSA သည် အာရကန်ဒေသ၏ အနာဂတ်ကို ပိုမိုတည်ငြိမ်အေးချမ်းစေမည့် ညီညွတ်မှုကို အခြေခံသော အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *