March 27, 2026

ကျောက်တော်၊ မြောက်ဦး ဗုံးကြဲမှုကြောင့် အရပ်သား ၇ဦးသေ၊ ၁၆ဦးဒဏ်ရာရ

0
630696777 1310941047732115 12844493620427170 N 1024x768

ကျောက်တော်၊ မြောက်ဦး ဗုံးကြဲမှုကြောင့် အရပ်သား ၇ဦးသေ၊ ၁၆ဦးဒဏ်ရာရ

ပုံ-နေနင်းထွန်း

ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းတွင် စစ်ကောင်စီတပ်များက မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်နှင့် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ကို ဗုံးကြဲသဖြင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

မြောက်ဦးမြို့တွင် ဗုံးကြဲခံရမှုကြောင့် ၂လသားအရွယ် ကလေးတစ်ဦးအပါအဝင် စစ်ဘေးရှောင် သုံးဦး သေဆုံးပြီး အရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့သည်။ နေအိမ်များ မီးလောင်သည့်အခြေအနေများလည်း တွေ့ရှိရသည်။

ကျောက်တော်မြို့တွင်လည်း ဗုံးကြဲခံရမှုကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့သည်။ သေဆုံးသူများထဲတွင် စစ်ဘေးရှောင် ဒေါ်မစောလှ (၆၁ နှစ်)၊ ဒေါ်အေးနု (၅၃ နှစ်) နှင့် ရပ်ကွက်နေ ဦးဆန်းဝင်း (၂၃ နှစ်)၊ ကိုညီချေ (၃၁ နှစ်) တို့ ပါဝင်သည်။

ဤအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မြောက်ဦးနှင့် ကျောက်တော်မြို့တို့တွင် စုစုပေါင်း အရပ်သား ၇ဦး သေဆုံးပြီး ၁၆ဦး ဒဏ်ရာရခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *